Wednesday, August 11, 2021

ဝိတ်ချခြင်း




 ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ရဖို့ ဘယ်လိုဝိတ်ချမလဲ?


ဝိတ်ချတယ်ဆိုတာ လူတော်တော်များများက Cardioတစ်ခုတည်းနဲ့ပဲ ချလို့ရတယ်လို့ထင်နေတယ်။ Cardioဆိုတာတွေကတော့ ဥပမာ- (ပြေးခြင်း၊စက်ဘီးစီးခြင်း၊ကခုန်ခြင်းအစရှိသည်တို့ဖြစ်ပါတယ်) Cardioလေ့ကျင်းခန်းတွေကြောင့် ဝိတ်ကျတာမှန်ပေမယ့် ကိုယ်လိုချင်တဲ့ Bodyအချိုးအစားကိုမရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Cardioလေ့ကျင့်ခန်းနဲ့ကျတဲ့ဝိတ်ကျမှုမှာ အဆီကျတာတင်မကပဲ ကြွတ်သားများပါ ဆုံးရှုံးသွားတာကိုတွေ့ရပါတယ်။ တကယ်တော့ ကြွက်သားတွေဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်အရေးကြီးပါတယ်။ ယခုခေတ် လူတွေအဝလွန်နေခြင်းဟာ ခန္ဓာကိုယ်မှာကြွတ်သား ရာခိုင်နှုန်းနည်းပါးလာလို့လည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွတ်သားတွေရှိရင် အဆီပိုတွေကို ပိုလောင်ကျွမ်းပေးစေနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ဝိတ်လည်းကျချင်တယ် ကြွတ်သားဆုံးရှုံးမှုလဲ မရှိချင်ဘူးဆိုရင်တော့ Weight Training နဲ့သာချဖို့ အကြံပေးပါရစေ။ Weight Training နဲ့ချမှသာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ကို ကြွက်သားဆုံးရှုံးမှုမရှိပဲ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရရှိဖို့ GYMကစားကြပါစို့


#JAWA Body Fitness GYM

ဝိတ်ချခြင်း

 ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ရဖို့ ဘယ်လိုဝိတ်ချမလဲ? ဝိတ်ချတယ်ဆိုတာ လူတော်တော်များများက Cardioတစ်ခုတည်းနဲ့ပဲ ချလို့ရတယ်လို့ထင်နေတယ်။ Cardioဆိုတာ...